『သမ္မာကျမ်းစာအနှစ်ချုပ် (အသံထုတ်ဝေမှု)』のカバーアート

သမ္မာကျမ်းစာအနှစ်ချုပ် (အသံထုတ်ဝေမှု)

သမ္မာကျမ်းစာအနှစ်ချုပ် (အသံထုတ်ဝေမှု)

著者: Initiative.Global
無料で聴く

概要
သမ္မာကျမ်းစာအနှစ်ချုပ်© တွင် ပါဝင်သောအကြောင်းအရာအားလုံးသည် သမ္မာကျမ်းစာထဲမှ ကောက်နုတ်ချက်များဖြစ်ပြီး၊ သမ္မာကျမ်းစာကို ဖန်ဆင်းရှင်၊ ရွေးနုတ်ရှင်၊ တရားသူကြီးနှင့် ရှင်ဘုရင်ဖြစ်တော်မူသော မေရှိယယေရှုထံသို့ဦးတည်သည့် ပေါင်းစည်းထားသောဇာတ်ကြောင်းအဖြစ် ခြုံငုံသုံးသပ်ထားသည်။ သမ္မာကျမ်းစာအနှစ်ချုပ် (အသံထုတ်ဝေမှု)℗ ကို Initiative.Global မှ ထုတ်လုပ်ဖြန့်ချိသည်။ သမ္မာကျမ်းစာအနှစ်ချုပ် (အသံထုတ်ဝေမှု)℗ Copyright ℗ 2026 by Initiative.Global Scripture quotations are taken from the Myanmar Standard Bible© Copyright © 2017, 2021 by Global Bible Initiative Used by permission. All rights reserved worldwide.Initiative.Global アート 文学史・文学批評
エピソード
  • နိဒါန်း
    2026/10/11

    နိဒါန်း

    ဤသမ္မာကျမ်းစာအနှစ်ချုပ်သည် ထာဝရဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သော သမ္မာကျမ်းစာမှကျမ်းပိုဒ်များကို ရွေးချယ်စုစည်းထားသောစာအုပ်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် သမ္မာကျမ်းစာအကျဉ်းချုပ်ပင်ဖြစ်သည်။ ဤစာအုပ်ကိုရေးသားခြင်းမှာ သမ္မာကျမ်းစာနှင့်ရင်းနှီးကျွမ်းဝင်ခြင်းမရှိသေးသောသူများဖတ်ရှုရာတွင် လွယ်ကူမှုရှိစေရန်အတွက်ဖြစ်ပြီး သမ္မာကျမ်းစာတွင်ပါရှိသောအကြောင်းအရာများနှင့် ခရစ်ယာန်တို့၏ယုံကြည်ခြင်းအကြောင်းတို့ကို သိရှိနားလည်လိုသူများအတွက် သမ္မာကျမ်းစာ၏အဓိကအကြောင်းအရာများကို ရွေးချယ်စုစည်းထားခြင်းဖြစ်သည်။

    သမ္မာကျမ်းစာ၏အဓိကအကြောင်းအရာမှာ ယေရှုခရစ်တော်၏အကြောင်းနှင့် နောင်ကာလတွင်ပေါ်ထွန်းလာမည့် နက်နဲဆန်းကြယ်သောဘုရားသခင့်နိုင်ငံတော်၏အကြောင်းအရာများပင် ဖြစ်ပါသည်။ သမ္မာကျမ်းစာ၏အနက်အဓိပ္ပာယ်များကို အမှန်တကယ်နားလည်လိုပါက ခရစ်တော်မိန့်မှာတော်မူခဲ့သည့်အတိုင်း ကလေးသူငယ်ကဲ့သို့နှိမ့်ချသောစိတ်ဖြင့် ဖတ်ရှုရမည်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အား ဖုံးဝှက်ထားသောရတနာကိုရှာဖွေသကဲ့သို့သောစိတ်ဖြင့်ဖတ်ရှုပါက ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကိုသွန်သင်မည်ဖြစ်၍ “မည်သူမျှသင့်ကိုသွန်သင်ပေးရန်မလို”ဟု သမ္မာကျမ်းစာ၌ ရေးထားသောအချက်သည် သင်၏ဘဝအသက်တာတွင် အမှန်တကယ်ဖြစ်မြောက်လာလိမ့်မည်။

    ဤစာအုပ်ကိုဖတ်ရှုပြီးသောအခါတွင် သမ္မာကျမ်းစာကို ဆက်လက်ဖတ်ရှုပါရန် တိုက်တွန်းလိုပါသည်။

    ကျမ်းစာထဲ၌ရေးထားသမျှတို့သည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ သြဝါဒပေးခြင်းအတွက်လည်းကောင်း၊ အပြစ်ကိုဖော်ပြခြင်းအတွက်လည်းကောင်း၊ အမှားကိုပြုပြင်ခြင်းအတွက်လည်းကောင်း၊ ဖြောင့်မတ်ခြင်း၌ ဆုံးမပဲ့ပြင်ခြင်းအတွက်လည်းကောင်း အကျိုးကျေးဇူးရှိ၏။

    ၂ တိမောသေ 3:16

    続きを読む 一部表示
    2 分
  • သမ္မာကျမ်းစာဟူသည်မှာ
    2026/10/11
    သမ္မာကျမ်းစာဟူသည်မှာသမ္မာကျမ်းစာတွင် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းဟူ၍ ကျမ်းကြီးနှစ်စောင်ပါရှိသည်။ သမ္မာကျမ်းစာ၌သုံးစွဲထားသည့် ဓမ္မဟူသောစကား၏အနက်အဓိပ္ပာယ်မှာ ဘုရားသခင်က လူတို့ကိုပေးထားသည့်ကတိတော် သို့မဟုတ် ဘုရားသခင်နှင့်လူတို့၏စပ်ကြားတွင် ဘုရားသခင်ထားရှိသောပဋိညာဉ်ဟူ၍ ဖြစ်သည်။လူတို့အတွက် ဘုရားသခင်ထားရှိသောကယ်တင်ခြင်းနှင့်ဆိုင်သည့်ကတိတော်သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းပေါ်တွင်အခြေခံထားသည်။ ထိုကတိတော်မှာ ဘုရားသခင်သည် ခရစ်တော်အားဖြင့် လူတို့ကိုကယ်တင်တော်မူ၍ လူတို့အား ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်ကိုအမွေဆက်ခံသူဖြစ်စေမည်ဟူ၍ ဖြစ်သည်။ ခရစ်တော်ကိုယုံကြည်သောသူများက လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော်တွင် ဤလောက၌မွေးဖွားခဲ့သော ဘုရားသခင်၏သားတော် ယေရှုခရစ်သည် အပြစ်နှင့်ပြည့်ဝသောလူတို့ခံယူရမည့်အပြစ်ဒဏ်အတွက် လူတို့ကိုယ်စား လက်ဝါးကပ်တိုင်ပေါ်၌ မိမိအသက်ကိုပေးဆပ်၍ အသေခံခဲ့သောကြောင့် လူတို့၏အပြစ်အားလုံးသည် ထာဝရယူဆောင်သွားခြင်းခံရပြီဟု ယုံကြည်ကြပါသည်။ ထို့ကြောင့် အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိပြီဖြစ်ကြောင်းနှင့် ထာဝရအသက်ကို ရရှိပြီဟူသော ဘုရားသခင်၏ကတိတော်ဖြစ်သည့် ကောင်းမြတ်သောသတင်းကို ယုံကြည်နိုင်ပါသည်။ ခရစ်တော်မမွေးဖွားမီကရေးထားသောကျမ်းကို ဓမ္မဟောင်းကျမ်းဟု ခေါ်ဆိုကြပြီး ခရစ်တော်မွေးဖွားပြီးသည့်နောက် ရေးထားသောကျမ်းကို ဓမ္မသစ်ကျမ်းဟု ခေါ်ဆိုကြသည်။ဓမ္မဟောင်းကျမ်းသည် ဂျူးလူမျိုးတို့ကိုအခြေခံထား၍ များစွာသောစာရေးသူတို့က ခရစ်သက္ကရာဇ်မတိုင်မီ အနှစ် ၁၅၀၀ နှင့် အနှစ် ၄၀၀ အကြားတွင်ရေးထားခြင်းဖြစ်သည်။ ၎င်းတွင် ကျမ်းပေါင်း ၃၉ စောင်ပါဝင်ပြီး ဂျူးလူမျိုးတို့၏သမိုင်း၊ တရားဥပဒေများ၊ နောင်ကာလ၌ဖြစ်မည့်အရာကိုကြိုတင်ဟောပြောထားခြင်းများ၊ ကဗျာလင်္ကာနှင့်သီချင်းတို့ပါဝင်ကြသည်။ ကြိုတင်ဟောပြောထားသောစကားတို့တွင် ဘုရားသခင့်နိုင်ငံတော်၏သတင်းစကားနှင့် ခရစ်တော်၏ကြွလာခြင်းအကြောင်းတို့ကို ကြိမ်ဖန်များစွာဖော်ပြထားသည်။ဓမ္မသစ်ကျမ်းတွင်မူ ရှေးယခင်က ခရစ်တော်နှင့်ပတ်သက်၍ ...
    続きを読む 一部表示
    4 分
  • အခန်း (၁) အရာခပ်သိမ်း၏မူလအစ
    2026/10/11

    အခန်း (၁) အရာခပ်သိမ်း၏မူလအစ

    ကမ္ဘာကြီးထဲတွင်ရှိသော အလွန်အမင်းအံ့အားသင့်ဖွယ်ကောင်းသောအရာများ၊ တွေးမရအောင်ခက်ခဲနက်နဲသောအရာများ၊ သက်ရှိအရာများ၏မူလအစ၊ လူသားတို့ မည်သို့ဖန်ဆင်းခံခဲ့ရ၍ အဘယ်ကြောင့်ဖန်ဆင်းခံခဲ့ရကြောင်း၊ လူသားတို့က မိမိတို့ကိုဖန်ဆင်းခဲ့သောဖန်ဆင်းရှင်ကို ငြင်းဆန်ပုန်ကန်ခဲ့ပုံ၊ လူသားတို့၏ဆန့်ကျင်ပုန်ကန်သောအပြစ်ကြောင့် ဘုရားသခင်က လူသားတို့ကို သေခြင်းတည်းဟူသော ဆိုးရွားလှသောကျိန်ခြင်းကို ခံစေခဲ့ကြောင်း စသည်တို့ကိုလည်း​ ပြောပြထားပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သောအပြစ်ကြောင့် မွေးလာသည့်နေ့မှစပြီး အသက်ရှင်နေစဉ်ကာလပတ်လုံး သေမင်း၏အနိုင်ယူစိုးမိုးမှုသည် ကျွန်ုပ်တို့နောက်တွင် အရိပ်မည်းကြီးကဲ့သို့ ကပ်လိုက်နေသည်ဟု ကျမ်းစာကပြောပါသည်။ ကျွန်ုပ်တို့၌ မျှော်လင့်ချက်မရှိ၊ စစ်မှန်သောပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်းများလည်း မရှိ။ သေခြင်းတရားတစ်ခုတည်းကသာ ကျွန်ုပ်တို့ကို စောင့်ကြိုနေသည်။ ကျွန်ုပ်တို့ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ၊ သန်မာသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ၊ ချုပ်နှောင်ခံရသည်ဖြစ်စေ လွတ်လပ်သည်ဖြစ်စေ၊ ဖျားနာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ တစ်နေ့မှာ ကျွန်ုပ်တို့ မုချသေရပါမည်။ သေပြီးသည့်နောက် ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့သောအရှင်ရှေ့တော်မှောက်တွင် ရပ်လျက် ကျွန်ုပ်တို့ အဘယ်ကြောင့် ဖန်ဆင်းရှင်ကို ငြင်းဆန်ခဲ့ကြောင်း၊ အဘယ်ကြောင့် ဘုရားသခင်၏ဖြောင့်မတ်သောနည်းလမ်းဥပဒေသများကို ငြင်းဆန်ခဲ့ကြောင်းကို ဖြေရှင်းချက်ပေးရမည်။ လူသားမဟုတ် ဘုရားသခင်ကိုယ်တိုင်က ကျွန်ုပ်တို့၏ဥပဒေသအတိုင်းမဟုတ်၊ ဘုရားသခင်၏ဥပဒေသအတိုင်း ကျွန်ုပ်တို့ကို စီရင်မည်။

    သမ္မာကျမ်းစာမှလွဲ၍ မည်သည့်ဘာသာတရား၊ မည်သည့်အတွေးအခေါ်ပညာရှင်၊ မည်သည့်သမိုင်းပညာရှင်ကမျှ ဤကြောက်မက်ဖွယ်ရာကျိန်ခြင်းမှလွတ်မြောက်ရာလမ်းကို မပြသပေးနိုင်ပါ။

    続きを読む 一部表示
    14 分
adbl_web_anon_alc_button_suppression_t1
まだレビューはありません