အခန်း (၁) အရာခပ်သိမ်း၏မူလအစ
カートのアイテムが多すぎます
カートに追加できませんでした。
ウィッシュリストに追加できませんでした。
ほしい物リストの削除に失敗しました。
ポッドキャストのフォローに失敗しました
ポッドキャストのフォロー解除に失敗しました
-
ナレーター:
-
著者:
အခန်း (၁) အရာခပ်သိမ်း၏မူလအစ
ကမ္ဘာကြီးထဲတွင်ရှိသော အလွန်အမင်းအံ့အားသင့်ဖွယ်ကောင်းသောအရာများ၊ တွေးမရအောင်ခက်ခဲနက်နဲသောအရာများ၊ သက်ရှိအရာများ၏မူလအစ၊ လူသားတို့ မည်သို့ဖန်ဆင်းခံခဲ့ရ၍ အဘယ်ကြောင့်ဖန်ဆင်းခံခဲ့ရကြောင်း၊ လူသားတို့က မိမိတို့ကိုဖန်ဆင်းခဲ့သောဖန်ဆင်းရှင်ကို ငြင်းဆန်ပုန်ကန်ခဲ့ပုံ၊ လူသားတို့၏ဆန့်ကျင်ပုန်ကန်သောအပြစ်ကြောင့် ဘုရားသခင်က လူသားတို့ကို သေခြင်းတည်းဟူသော ဆိုးရွားလှသောကျိန်ခြင်းကို ခံစေခဲ့ကြောင်း စသည်တို့ကိုလည်း ပြောပြထားပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သောအပြစ်ကြောင့် မွေးလာသည့်နေ့မှစပြီး အသက်ရှင်နေစဉ်ကာလပတ်လုံး သေမင်း၏အနိုင်ယူစိုးမိုးမှုသည် ကျွန်ုပ်တို့နောက်တွင် အရိပ်မည်းကြီးကဲ့သို့ ကပ်လိုက်နေသည်ဟု ကျမ်းစာကပြောပါသည်။ ကျွန်ုပ်တို့၌ မျှော်လင့်ချက်မရှိ၊ စစ်မှန်သောပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်းများလည်း မရှိ။ သေခြင်းတရားတစ်ခုတည်းကသာ ကျွန်ုပ်တို့ကို စောင့်ကြိုနေသည်။ ကျွန်ုပ်တို့ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ၊ သန်မာသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ၊ ချုပ်နှောင်ခံရသည်ဖြစ်စေ လွတ်လပ်သည်ဖြစ်စေ၊ ဖျားနာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ တစ်နေ့မှာ ကျွန်ုပ်တို့ မုချသေရပါမည်။ သေပြီးသည့်နောက် ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့သောအရှင်ရှေ့တော်မှောက်တွင် ရပ်လျက် ကျွန်ုပ်တို့ အဘယ်ကြောင့် ဖန်ဆင်းရှင်ကို ငြင်းဆန်ခဲ့ကြောင်း၊ အဘယ်ကြောင့် ဘုရားသခင်၏ဖြောင့်မတ်သောနည်းလမ်းဥပဒေသများကို ငြင်းဆန်ခဲ့ကြောင်းကို ဖြေရှင်းချက်ပေးရမည်။ လူသားမဟုတ် ဘုရားသခင်ကိုယ်တိုင်က ကျွန်ုပ်တို့၏ဥပဒေသအတိုင်းမဟုတ်၊ ဘုရားသခင်၏ဥပဒေသအတိုင်း ကျွန်ုပ်တို့ကို စီရင်မည်။
သမ္မာကျမ်းစာမှလွဲ၍ မည်သည့်ဘာသာတရား၊ မည်သည့်အတွေးအခေါ်ပညာရှင်၊ မည်သည့်သမိုင်းပညာရှင်ကမျှ ဤကြောက်မက်ဖွယ်ရာကျိန်ခြင်းမှလွတ်မြောက်ရာလမ်းကို မပြသပေးနိုင်ပါ။