• နိဒါန်း
    2026/10/11

    နိဒါန်း

    ဤသမ္မာကျမ်းစာအနှစ်ချုပ်သည် ထာဝရဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သော သမ္မာကျမ်းစာမှကျမ်းပိုဒ်များကို ရွေးချယ်စုစည်းထားသောစာအုပ်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် သမ္မာကျမ်းစာအကျဉ်းချုပ်ပင်ဖြစ်သည်။ ဤစာအုပ်ကိုရေးသားခြင်းမှာ သမ္မာကျမ်းစာနှင့်ရင်းနှီးကျွမ်းဝင်ခြင်းမရှိသေးသောသူများဖတ်ရှုရာတွင် လွယ်ကူမှုရှိစေရန်အတွက်ဖြစ်ပြီး သမ္မာကျမ်းစာတွင်ပါရှိသောအကြောင်းအရာများနှင့် ခရစ်ယာန်တို့၏ယုံကြည်ခြင်းအကြောင်းတို့ကို သိရှိနားလည်လိုသူများအတွက် သမ္မာကျမ်းစာ၏အဓိကအကြောင်းအရာများကို ရွေးချယ်စုစည်းထားခြင်းဖြစ်သည်။

    သမ္မာကျမ်းစာ၏အဓိကအကြောင်းအရာမှာ ယေရှုခရစ်တော်၏အကြောင်းနှင့် နောင်ကာလတွင်ပေါ်ထွန်းလာမည့် နက်နဲဆန်းကြယ်သောဘုရားသခင့်နိုင်ငံတော်၏အကြောင်းအရာများပင် ဖြစ်ပါသည်။ သမ္မာကျမ်းစာ၏အနက်အဓိပ္ပာယ်များကို အမှန်တကယ်နားလည်လိုပါက ခရစ်တော်မိန့်မှာတော်မူခဲ့သည့်အတိုင်း ကလေးသူငယ်ကဲ့သို့နှိမ့်ချသောစိတ်ဖြင့် ဖတ်ရှုရမည်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အား ဖုံးဝှက်ထားသောရတနာကိုရှာဖွေသကဲ့သို့သောစိတ်ဖြင့်ဖတ်ရှုပါက ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကိုသွန်သင်မည်ဖြစ်၍ “မည်သူမျှသင့်ကိုသွန်သင်ပေးရန်မလို”ဟု သမ္မာကျမ်းစာ၌ ရေးထားသောအချက်သည် သင်၏ဘဝအသက်တာတွင် အမှန်တကယ်ဖြစ်မြောက်လာလိမ့်မည်။

    ဤစာအုပ်ကိုဖတ်ရှုပြီးသောအခါတွင် သမ္မာကျမ်းစာကို ဆက်လက်ဖတ်ရှုပါရန် တိုက်တွန်းလိုပါသည်။

    ကျမ်းစာထဲ၌ရေးထားသမျှတို့သည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ သြဝါဒပေးခြင်းအတွက်လည်းကောင်း၊ အပြစ်ကိုဖော်ပြခြင်းအတွက်လည်းကောင်း၊ အမှားကိုပြုပြင်ခြင်းအတွက်လည်းကောင်း၊ ဖြောင့်မတ်ခြင်း၌ ဆုံးမပဲ့ပြင်ခြင်းအတွက်လည်းကောင်း အကျိုးကျေးဇူးရှိ၏။

    ၂ တိမောသေ 3:16

    続きを読む 一部表示
    2 分
  • သမ္မာကျမ်းစာဟူသည်မှာ
    2026/10/11
    သမ္မာကျမ်းစာဟူသည်မှာသမ္မာကျမ်းစာတွင် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းဟူ၍ ကျမ်းကြီးနှစ်စောင်ပါရှိသည်။ သမ္မာကျမ်းစာ၌သုံးစွဲထားသည့် ဓမ္မဟူသောစကား၏အနက်အဓိပ္ပာယ်မှာ ဘုရားသခင်က လူတို့ကိုပေးထားသည့်ကတိတော် သို့မဟုတ် ဘုရားသခင်နှင့်လူတို့၏စပ်ကြားတွင် ဘုရားသခင်ထားရှိသောပဋိညာဉ်ဟူ၍ ဖြစ်သည်။လူတို့အတွက် ဘုရားသခင်ထားရှိသောကယ်တင်ခြင်းနှင့်ဆိုင်သည့်ကတိတော်သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းပေါ်တွင်အခြေခံထားသည်။ ထိုကတိတော်မှာ ဘုရားသခင်သည် ခရစ်တော်အားဖြင့် လူတို့ကိုကယ်တင်တော်မူ၍ လူတို့အား ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်ကိုအမွေဆက်ခံသူဖြစ်စေမည်ဟူ၍ ဖြစ်သည်။ ခရစ်တော်ကိုယုံကြည်သောသူများက လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော်တွင် ဤလောက၌မွေးဖွားခဲ့သော ဘုရားသခင်၏သားတော် ယေရှုခရစ်သည် အပြစ်နှင့်ပြည့်ဝသောလူတို့ခံယူရမည့်အပြစ်ဒဏ်အတွက် လူတို့ကိုယ်စား လက်ဝါးကပ်တိုင်ပေါ်၌ မိမိအသက်ကိုပေးဆပ်၍ အသေခံခဲ့သောကြောင့် လူတို့၏အပြစ်အားလုံးသည် ထာဝရယူဆောင်သွားခြင်းခံရပြီဟု ယုံကြည်ကြပါသည်။ ထို့ကြောင့် အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိပြီဖြစ်ကြောင်းနှင့် ထာဝရအသက်ကို ရရှိပြီဟူသော ဘုရားသခင်၏ကတိတော်ဖြစ်သည့် ကောင်းမြတ်သောသတင်းကို ယုံကြည်နိုင်ပါသည်။ ခရစ်တော်မမွေးဖွားမီကရေးထားသောကျမ်းကို ဓမ္မဟောင်းကျမ်းဟု ခေါ်ဆိုကြပြီး ခရစ်တော်မွေးဖွားပြီးသည့်နောက် ရေးထားသောကျမ်းကို ဓမ္မသစ်ကျမ်းဟု ခေါ်ဆိုကြသည်။ဓမ္မဟောင်းကျမ်းသည် ဂျူးလူမျိုးတို့ကိုအခြေခံထား၍ များစွာသောစာရေးသူတို့က ခရစ်သက္ကရာဇ်မတိုင်မီ အနှစ် ၁၅၀၀ နှင့် အနှစ် ၄၀၀ အကြားတွင်ရေးထားခြင်းဖြစ်သည်။ ၎င်းတွင် ကျမ်းပေါင်း ၃၉ စောင်ပါဝင်ပြီး ဂျူးလူမျိုးတို့၏သမိုင်း၊ တရားဥပဒေများ၊ နောင်ကာလ၌ဖြစ်မည့်အရာကိုကြိုတင်ဟောပြောထားခြင်းများ၊ ကဗျာလင်္ကာနှင့်သီချင်းတို့ပါဝင်ကြသည်။ ကြိုတင်ဟောပြောထားသောစကားတို့တွင် ဘုရားသခင့်နိုင်ငံတော်၏သတင်းစကားနှင့် ခရစ်တော်၏ကြွလာခြင်းအကြောင်းတို့ကို ကြိမ်ဖန်များစွာဖော်ပြထားသည်။ဓမ္မသစ်ကျမ်းတွင်မူ ရှေးယခင်က ခရစ်တော်နှင့်ပတ်သက်၍ ...
    続きを読む 一部表示
    4 分
  • အခန်း (၁) အရာခပ်သိမ်း၏မူလအစ
    2026/10/11

    အခန်း (၁) အရာခပ်သိမ်း၏မူလအစ

    ကမ္ဘာကြီးထဲတွင်ရှိသော အလွန်အမင်းအံ့အားသင့်ဖွယ်ကောင်းသောအရာများ၊ တွေးမရအောင်ခက်ခဲနက်နဲသောအရာများ၊ သက်ရှိအရာများ၏မူလအစ၊ လူသားတို့ မည်သို့ဖန်ဆင်းခံခဲ့ရ၍ အဘယ်ကြောင့်ဖန်ဆင်းခံခဲ့ရကြောင်း၊ လူသားတို့က မိမိတို့ကိုဖန်ဆင်းခဲ့သောဖန်ဆင်းရှင်ကို ငြင်းဆန်ပုန်ကန်ခဲ့ပုံ၊ လူသားတို့၏ဆန့်ကျင်ပုန်ကန်သောအပြစ်ကြောင့် ဘုရားသခင်က လူသားတို့ကို သေခြင်းတည်းဟူသော ဆိုးရွားလှသောကျိန်ခြင်းကို ခံစေခဲ့ကြောင်း စသည်တို့ကိုလည်း​ ပြောပြထားပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သောအပြစ်ကြောင့် မွေးလာသည့်နေ့မှစပြီး အသက်ရှင်နေစဉ်ကာလပတ်လုံး သေမင်း၏အနိုင်ယူစိုးမိုးမှုသည် ကျွန်ုပ်တို့နောက်တွင် အရိပ်မည်းကြီးကဲ့သို့ ကပ်လိုက်နေသည်ဟု ကျမ်းစာကပြောပါသည်။ ကျွန်ုပ်တို့၌ မျှော်လင့်ချက်မရှိ၊ စစ်မှန်သောပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်းများလည်း မရှိ။ သေခြင်းတရားတစ်ခုတည်းကသာ ကျွန်ုပ်တို့ကို စောင့်ကြိုနေသည်။ ကျွန်ုပ်တို့ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ၊ သန်မာသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ၊ ချုပ်နှောင်ခံရသည်ဖြစ်စေ လွတ်လပ်သည်ဖြစ်စေ၊ ဖျားနာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ တစ်နေ့မှာ ကျွန်ုပ်တို့ မုချသေရပါမည်။ သေပြီးသည့်နောက် ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့သောအရှင်ရှေ့တော်မှောက်တွင် ရပ်လျက် ကျွန်ုပ်တို့ အဘယ်ကြောင့် ဖန်ဆင်းရှင်ကို ငြင်းဆန်ခဲ့ကြောင်း၊ အဘယ်ကြောင့် ဘုရားသခင်၏ဖြောင့်မတ်သောနည်းလမ်းဥပဒေသများကို ငြင်းဆန်ခဲ့ကြောင်းကို ဖြေရှင်းချက်ပေးရမည်။ လူသားမဟုတ် ဘုရားသခင်ကိုယ်တိုင်က ကျွန်ုပ်တို့၏ဥပဒေသအတိုင်းမဟုတ်၊ ဘုရားသခင်၏ဥပဒေသအတိုင်း ကျွန်ုပ်တို့ကို စီရင်မည်။

    သမ္မာကျမ်းစာမှလွဲ၍ မည်သည့်ဘာသာတရား၊ မည်သည့်အတွေးအခေါ်ပညာရှင်၊ မည်သည့်သမိုင်းပညာရှင်ကမျှ ဤကြောက်မက်ဖွယ်ရာကျိန်ခြင်းမှလွတ်မြောက်ရာလမ်းကို မပြသပေးနိုင်ပါ။

    続きを読む 一部表示
    14 分
  • အခန်း (၂) “မြေကြီးကိုငါဖျက်ဆီးမည်”
    2026/10/11

    အခန်း (၂) “မြေကြီးကိုငါဖျက်ဆီးမည်”

    လူသားတို့၏ဆိုးရွားလှသောအပြစ်များကို ဘုရားသခင်သည်းမခံနိုင်သည့်အဆုံးတွင် သက်ရှိသတ္တဝါအားလုံးကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ချက်ချလိုက်ရပါသည်။ ယနေ့ထိတိုင် ကျောက်ဆောင်များအောက်တွင်မြုပ်နေသောအရာများကို ကမ္ဘာအနှံ့ရှာဖွေတွေ့ရှိရပါသည်။ ဤကမ္ဘာမြေကြီးကို ဘုရားသခင် ကြောက်မက်ဖွယ်စီရင်လိုက်စဉ်က ပျက်စီးသွားသောတိရစ္ဆာန်များ၏ကျောက်ဖြစ်ရုပ်ကြွင်းများကိုလည်း အမြင့်ဆုံးသောတောင်ထိပ်များ၊ အနက်ဆုံးသောချိုင့်ဝှမ်းများတွင် တွေ့ရှိရပါသည်။

    နောက်တစ်ကြိမ်တွင် ဘုရားသခင်သည် ဤကမ္ဘာကြီးကို မီးဖြင့်ဖျက်ဆီးမည်ဟု အတိအလင်းပြောထားပါသည်။ ဓမ္မသစ်ကျမ်းထဲမှ ၂ ပေတရု 3:10 တွင် “ထာဝရဘုရား၏နေ့ရက်သည် သူခိုးလာသကဲ့သို့ ရောက်လာလိမ့်မည်။ ထိုနေ့ရက်၌ ကောင်းကင်သည် ကျယ်လောင်သောအသံဖြင့် ကွယ်ပျောက်သွား၍ လောကဓာတ်တို့သည် ပြင်းထန်သောအပူရှိန်ဖြင့် ပျက်သုဉ်းသွားလိမ့်မည်။ မြေကြီးမှစ၍ ၎င်းပေါ်၌ပြုလုပ်သောအရာတို့သည်လည်း လောင်ကျွမ်းလိမ့်မည်”ဟု ရေးသားထားပါသည်။

    続きを読む 一部表示
    14 分
  • အခန်း​ (၃) အသစ်သောကတိတော်
    2026/10/11

    အခန်း​ (၃) အသစ်သောကတိတော်

    ရေလွှမ်းမိုးမှုကြီးပြီးသည့်နောက်တွင် နောဧသည် နှစ်ပေါင်းများစွာအသက်ရှင်ခဲ့သည်။ ကမ္ဘာပေါ်၌လည်းလူဦးရေတဖြည်းဖြည်းတိုးပွားလာသည်။ သို့သော် လူဦးရေတိုးပွားလာသည်နှင့်အမျှ လူတို့သည် ဆိုးယုတ်လာ၍ ဘုရားသခင်ကိုဆန့်ကျင်လာပြန်လေသည်။ သူတို့သည် ဘုရားသခင်အရာ၌ ရုပ်တုများကိုထုလုပ်၍ ကိုးကွယ်ကြသည်။ ရေလွှမ်းမိုးမှုကြီးပြီးသည့်နောက် အနှစ်ရာပေါင်းများစွာကြာလာသောအခါတွင် ဤကမ္ဘာကြီးသည် တစ်ဖန် အပြစ်ဒုစရိုက်နှင့်ပြည့်ဝ၍ မှောင်မိုက်ဖုံးလွှမ်းလျက်ရှိသည်။

    ထို့ကြောင့် ဘုရားသခင်သည် အပြစ်သားများကို ထပ်မံတရားစီရင်မည့်အကြောင်း သူ၏ပရောဖက်များအားဖြင့် သတိပေးခဲ့သည်။ အပြစ်မှနောင်တရရန် ဘုရားသခင်၏သတိပေးခြင်းကိုလူများအား ပြောကြားသောပရောဖက်တို့သည် မုန်းတီးခြင်းနှင့်ညှဉ်းဆဲခြင်းတို့ကို ခံရ၍ အသေသတ်ခြင်းခံရသောသူလည်း မနည်းလှပေ။ သို့သော် လူသားတို့ကိုချစ်တော်မူသောဘုရားသခင်သည် လူတစ်ဆက်ပြီးတစ်ဆက်အတွက် ပရောဖက်များကို ဤကမ္ဘာကြီးသို့ စေလွှတ်ပေးတော်မူခဲ့သည်။

    続きを読む 一部表示
    17 分
  • အခန်း (၄) မေရှိယကြွလာမည်
    2026/10/11

    အခန်း (၄) မေရှိယကြွလာမည်

    ဘုရားသခင်က “ဘုရားသခင်အုပ်စိုးသည့် ဖြောင့်မတ်သောနိုင်ငံတော်ပေါ်ထွန်းမည့်နေ့ရက်ရောက်လာမည်။ ထိုနေ့ရက်၌ ဘုရားသခင်သည် လူတို့၏အပြစ်ဒုစရိုက်များကိုဆေးကြော၍ သူတို့ကိုအပြစ်မှကယ်တင်မည်”ဟု ပရောဖက်များအားဖြင့်ကြိုတင်ကတိပေးထားတော်မူခဲ့သည်။

    ထိုမျှမက ပရောဖက်တို့က “ဘုရားသခင်သည် ပုဂ္ဂိုလ်တစ်ဦးကို ဤလောကသို့စေလွှတ်မည်။ ထိုသူသည် အစပထမ၌ အပြစ်မှကယ်တင်သောအရှင်အဖြစ်ကြွလာ၍ နောင်အခါ၌ ဘုရင်နှင့် တရားစီရင်သောအရှင်အဖြစ် ကြွလာမည်”ဟု ကြိုတင်ဟောပြောထားသည်။ ပရောဖက်တို့သည် ထိုကြွလာမည့်ကယ်တင်ခြင်းအရှင်၊ ဘုရင်နှင့်တရားစီရင်ခြင်းအရှင်ကို “မေရှိယ” ဟုခေါ်၍ မေရှိယဖြစ်သော “ခရစ်တော် ယေရှု” မဖွားမြင်မီကာလကြာမြင့်စွာကပင် ထိုအရှင်၏အကြောင်းကို ကြိုတင်ဟောပြောခဲ့ကြသည်။

    続きを読む 一部表示
    22 分
  • အခန်း (၅) ကယ်တင်ရှင်ယေရှု
    2026/10/11

    အခန်း (၅) ကယ်တင်ရှင်ယေရှု

    သမ္မာကျမ်းစာတွင် အံ့ဩဖွယ်အကောင်းဆုံးသတင်းစကားတစ်ခုမှာ စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းခဲ့သောအရှင်သည် ကျွန်ုပ်တို့ကဲ့သို့ လူသားအဖြစ်ကိုခံယူပြီး ကြွလာခြင်းပင်ဖြစ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ကိုချစ်ပြီး ကျွန်ုပ်တို့ပြုမိသောအပြစ်များကြောင့် ခံရမည့်နောက်ဆက်တွဲဆိုးကျိုးများမှ အကျွန်ုပ်တို့ကို ကယ်တင်ပေးရန် အလိုရှိတော်မူသည်။ ထို့ကြောင့် သူကိုယ်တိုင် ဘုန်းကြီးသောဘုရင်၊ တန်ခိုးကြီးသောဖန်ဆင်းရှင်၊ သန့်ရှင်းသောဘုရားဖြစ်လျက်နှင့် ဆိုးညစ်ရွံရှာစရာကောင်းလှသည့်လောကကြီးထဲကို လူသားအဖြစ်ကြွလာပြီး ကျွန်ုပ်တို့ပြုမိသောအပြစ်များအတွက် ခံရမည့်အပြစ်ဒဏ်များကို သူကိုယ်တိုင်ကျွန်ုပ်တို့ကိုယ်စား ခံယူပေးသွားခဲ့သည်။ လူသားတို့အတွက် အသေခံခြင်းအားဖြင့် ဤလောက၏အပြစ်များကို ယူဆောင်ပေးသွားခဲ့သည်။ သခင်ယေရှု၏လက်တော်၌ လူတို့က သံမှိုများဖြင့်ရိုက်ထားခြင်း၊ တံတွေးထွေးခံရခြင်း၊ မျက်နှာတော်မှသွေးများစီးဆင်းခြင်းသည် လူသားတို့ခံရမည့်အပြစ်ဒဏ်များကို ကိုယ်စားခံယူခြင်းပင်ဖြစ်သည်။

    続きを読む 一部表示
    42 分
  • အခန်း (၆) အံ့သြဖွယ်သောစကားတော် တန်ခိုးကြီးသောလုပ်ဆောင်ချက်
    2026/10/11

    အခန်း (၆) အံ့သြဖွယ်သောစကားတော် တန်ခိုးကြီးသောလုပ်ဆောင်ချက်

    သခင်ယေရှုမိန့်ဆိုခဲ့သောစကားတော်များသည် ယနေ့ထိတိုင် လူသားတို့၏ဖြောင့်မတ်မှန်ကန်မှု၊ စိတ်နှိမ့်ချမှု၊ ရိုးသားဖြူစင်မှုတို့နှင့်ပတ်သက်၍ သူတို့၏နှလုံးသားများကို ထိုးနှက်လျက်ရှိနေပါသည်။ သခင်ယေရှုသည် လှပသောစကားလုံးများကို မသုံးနှုန်းမမိန့်ဆိုခဲ့ပါ။ သူ့တပည့်တော်များအား “ငါသွန်သင်သည့်အတိုင်း လိုက်လျှောက်ပါ”ဟု မမိန့်ဆိုခဲ့ပါ။ “ငါ့နောက်သို့လိုက်ပါ”ဟုသာ မိန့်ဆိုခဲ့ပါသည်။ ထိုနည်းတူ ယုံကြည်သူခရစ်ယာန်များသည် မိမိတို့အသက်တာတွင် ပုံသက်သေအဖြစ် ဖြောင့်မတ်မှန်ကန်စွာ ကျင့်ကြံရပါမည်။ ချစ်ခြင်းမေတ္တာရှိရပါမည်။ ရိုးသားဖြူစင်ရပါမည်။ ငွေကြေး၊ ဥစ္စာပိုင်ဆိုင်မှုတို့ကို တပ်မက်စွဲလန်းမနေရပါ။ လူတို့ထံမှ ဂုဏ်ပြုချီးမွမ်းခြင်းမျိုးကို နှစ်မြို့မနေရပါ။ လုပ်ပိုင်ခွင့်အာဏာများဖြင့် သူတစ်ပါးကို ချုပ်ကိုင်လိုစိတ်မရှိရပါ။ သခင်ယေရှုသည် အကျွန်ုပ်တို့၏ပုံသက်သေဖြစ်ပါသည်။

    続きを読む 一部表示
    34 分