『Mahasi Dhamma Podcast - မဟာစည်တရားတော်များ』のカバーアート

Mahasi Dhamma Podcast - မဟာစည်တရားတော်များ

Mahasi Dhamma Podcast - မဟာစည်တရားတော်များ

著者: Buddha Sasana Nuggaha Organization
無料で聴く

မဟာစည်ဆရာတော်ဘုရားကြီး ဟောကြား‌တော်မူခဲ့သည့် တရားတော်များမှာ ၁၃၈၅-ခုနှစ် သီတင်းကျွတ်လအထိ စာရင်းများအရ ၄၅၀-ပုဒ် ခန့် ရှိပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးနှင့် မင်းကွန်းဆရာတော်ဘုရားကြီးတို့ မေးမြန်းဖြေဆိုထားသည့် ဆဋ္ဌသံဂါယနာတင် ပါဠိတော်အမေးအဖြေများ ကိုထည့်သွင်းမည်ဆိုလျှင် တရားတော်စာရင်းမှာ ယခုထက် ပိုမိုပါလိမ့်မည်။ ခေတ်အဆက်ဆက် တိပ်ရီကော်ဒါ၊ ကက်ဆက်၊ CD-DVD ဖွင့်စက်၊ MP3 ဖွင့်စက် တို့ဖြင့် စဉ်ဆက်မပြတ် ဖြန့်ချိလာခဲ့သည့် မဟာစည်တရားတော်များကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ၁၃၈၅-ခုနှစ် သီတင်းကျွတ်လ မှ စ၍ အင်တာနက်ပေါ်မှ နာယူနိုင်သည့် Mahasi Dhamma Podcast - မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) အဖြစ် ကမ္ဘာအရပ်ရပ်မှ တရားလိုလားသူများနာယူတော်မူနိုင်ရန် ထုတ်လွင့်ပေးလျက်ရှိပါသည်။ မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) ကို Apple iTune, Google Podcast, Amazon Music နှင့် အခြားကျော်ကြားသည့် Podcast Directories များပေါ်တွင် ကြေငြာလွင့်တင်ထားရှိပါသည်။ မဟာစည်ပေါ့ဒ်ကပ်(စ်)ဓမ္မဒါနကုသိုလ်၊ အကြံပြုလိုသည်များနှင့် အသေးစိတ်သိလိုသည်များကို မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင်၊ အမှတ် ၁၆၊ သာသနာ့ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ဖုန်း- (+၉၅၉) ၉၅၂၁၉၈၈၀၂၊ အီးမေးလ်- mahasi.meditationcenter@gmail.com သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ ----------------------------------------------- မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ‌ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။ မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ ...Copyright 2026 All Rights Reserved スピリチュアリティ
エピソード
  • ယောဂီအသစ်တို့အား အစညွှန်ကြားချက် ဝိပဿနာအလုပ်ပေးတရားတော်
    2026/04/11
    မဟာစည်သာသနာ့ရိပ်သာ “ယောဂီအသစ်တို့အား အစညွှန်ကြားချက် အလုပ်ပေးတရားတော်” စတင်ဖွင့်လှစ်ခြင်း ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ခင်ဗျား - မဟာစည်သာသနာ့ရိပ်သာကြီးတွင် တရားဝင်သည့် ယောဂီများအား ဝိပဿနာအလုပ်ပေးတရားတော် မနာယူမီ ဆရာတော်ကြီးများက ဩဝါဒပေးလေ့ရှိပါသည်။ ✨ ၃၈-မိနစ် အလုပ်ပေးတရားဖြစ်ပေါ်လာပုံ ယခုအခါ ၂၀၂၂ ခုနှစ် မှတ်တမ်းများကို ပြန်လည်ပြုစုရာမှ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ယောဂီအသစ်တို့အား အစညွှန်ကြားချက်” လက်နှိပ်စက်စာမူနှင့် ၈-မိနစ်ကြာအသံဖိုင် ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ “ယောဂီအသစ်တို့အား အစညွှန်ကြားချက်” ဟု ခေါင်းစဉ်ပေးထားသဖြင့်၊ ဝိပဿနာအလုပ်ပေးတရားတော် တိပ်ခွေမဖွင့်မီ ယောဂီများအား ဩဝါဒပေးသည့် ဆရာတော်များ အကိုးအကားပြုနိုင်ရန် နှင့် ကနဦးဩဝါဒပေးနိုင်ရန် ပြုစုတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ မဟာစည် သံဃာတော်များ၏ ဩဝါဒကို ခံယူကာ၊ မူလဖွင့်နေကျ မိနစ် (၃၀) အလုပ်ပေးတရားတော်၏ ရှေ့တွင် ဤ ၈-မိနစ် တရားတော်ကို ထည့်သွင်း၍ စုစုပေါင်း (၃၈) မိနစ်အဖြစ် ဖွင့်လှစ်ရန် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ အတည်ပြုခဲ့ပြီး ဖြစ်ပါသည်။ 🗓️ မည်သည့်အချိန်တွင် စတင်နာယူနိုင်သလဲ? မဟာစည် ၇-ရက် သင်္ကြန်တရားစခန်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက် (၁၃၈၇ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၁၀ ရက်) နေ့လယ် ၃:၀၀ ခန့်တွင် သင်္ကြန်တွင်းတရားအားထုတ်ရန် ရောက်ရှိလာသည့် ယောဂီများသည် ပထမဆုံးအကြိမ်အဖြစ် ဤတရားတော်ကို စုပေါင်းနာယူကြမည်ဖြစ်ပါသည်။ ဓမ္မမိတ်ဆွေများအနေဖြင့်လည်း အောက်ပါနေရာများမှ နာယူတော်မူနိုင်ပါသည်။Mahasi App https://app.mahasi.org.mm/download/index.htmlYouTube https://www.youtube.com/watch?v=5lbNAPO20uU မဟာစည်သာသနာ့သမိုင်းဝင် ယောဂီအသစ်တို့အား အစညွှန်ကြားချက်-ဝိပဿနာအလုပ်ပေးတရားတော်ကို နာယူပွားများ အားထုတ်နိုင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်။ #Mahasi #Vipassana #Dhamma #MahasiApp #မဟာစည် #အလုပ်ပေးတရား #သာသနာပြု # ယောဂီအသစ်တို့အားအစညွှန်ကြားချက်
    続きを読む 一部表示
    39 分
  • ၁၃၃၀ ပြာသိုလဆန်း (၈) ရက် မင်္ဂလာတရားတော် (ကျောင်း၊ဓမ္မာရုံ၊ပလ္လင်အသစ်၊တရားပွဲအဖွင့်)
    1 時間 53 分
  • ၁၃၄၃ တော်သင်းလပြည့်နေ့ ဥပုသ်သီလပေး မြတ်စွာဘုရားဂုဏ်တော် ၉-ပါး အရဟံဂုဏ်တော်_နေ့ခင်း
    15 分
adbl_web_anon_alc_button_suppression_t1
まだレビューはありません