『Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ』のカバーアート

Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ

Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ

著者: Change The Map - Myanmar
無料で聴く

このコンテンツについて

အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။

ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။

ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။

© 2025 Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
キリスト教 スピリチュアリティ 聖職・福音主義
エピソード
  • ဇန်နဝါရီလ၏ပထမဆုတောင်းခြင်းအစီအစဉ် ကြားဝင်ဆုတောင်းသူများ ပိုမိုများပြားလာစေရန် ဆုတောင်းချက်
    2026/01/04

    ဇန်နဝါရီလ၏ပထမဆုတောင်းခြင်းအစီအစဉ်

    ကြားဝင်ဆုတောင်းသူများ ပိုမိုများပြားလာစေရန် ဆုတောင်းချက်

    ကြားဝင်ဆုတောင်းသူများ- ကြားဝင်ဆုတောင်းသူများသည် သိသာထင်ရှားသော အကျိုးသက်ရောက်မှုများကို စတင်တွေ့ရှိနေကြပြီဖြစ်သည်။ မယုံကြည်သူတိုင်းနိုင်ငံများအတွက် ဆုတောင်းခြင်းဖြင့်ရပ်တည်ပေးမည့်သူ များစွာပေါ်ပေါက်လာရန် ဆုတောင်းပါ။ (ယေဇကျေလ ၂၂:၃၀)

    လုံ့လဝီရိယ- ကြားဝင်ဆုတောင်းသူများအနေဖြင့် မယုံကြည်သူတိုင်းနိုင်ငံများအတွက် ဆုတောင်းရာတွင် သစ္စာရှိရှိ ဆက်လက်လုပ်ဆောင်ရန် ဆုတောင်းပါ။ (ယာကုပ် ၅:၁၆)

    ပွားများခြင်း- ကြားဝင်ဆုတောင်းသူများအနေဖြင့် မယုံကြည်သူတိုင်းနိုင်ငံများအတွက် ရည်ရွယ်ချက်ရှိစွာ ကြားဝင်ဆုတောင်းမည့်သူများ ပိုမိုများပြားလာရန် ဆုတောင်းပါ။ (ရောမ ၁၅:၃၀)

    続きを読む 一部表示
    4 分
  • ဒီဇင်ဘာလ၏ ပဉ္ဆမဆုတောင်းခြင်းအစီအစဉ် ခရစ်စမတ်သတင်းကောင်းသည် ဘိသိတ်နှင့်ပြည့်ဝသော သတင်းကောင်းဖြစ်စေရန်
    2025/12/28

    ခရစ်စမတ်သတင်းကောင်းသည် ဘိသိတ်နှင့်ပြည့်ဝသော သတင်းကောင်းဖြစ်စေရန်

    ၁။ခရစ္စမတ်လက်ကမ်းစာစောင်များ - ခရစ္စမတ်လက်ကမ်းစာစောင်များသည် ဘိသိက်နှင့်ပြည့်သောသတင်းကို ယူဆောင်လာရန် ဆုတောင်းပါ။

    ၂။မေတ္တာ၊ဝမ်းမြောက်ခြင်းနှင့်ငြိမ်သက်ခြင်း - ဘဝသစ်တစ်ခုကို ရှာဖွေနေသူများ၏ နှလုံးသားထဲသို့ စစ်မှန်သောမေတ္တာ၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်းချမ်းခြင်း ဝင်ရောက်လာစေရန် ဆုတောင်းပါ။

    ၃။ယေရှုအတွက်ဆုံးဖြတ်ချက်များ - ယုံကြည်သူအသစ်များသည် ကိုယ်တော်ပေးတဲ့ အသစ်သောအသက်တာအတိုင်း လိုက်လျှောက်ရန် စိတ်ပိုင်းဖြတ်ထားရန် ဆုတောင်းပါ။

    続きを読む 一部表示
    4 分
  • ဒီဇင်ဘာလ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ် ခရစ်စမတ်ကာလအတွင်း မယုံကြည်သူများ၏နှလုံးသားတံခါးများ ပွင့်စေရန်
    2025/12/21

    ခရစ်စမတ်ကာလအတွင်း မယုံကြည်သူများ၏နှလုံးသားတံခါးများ ပွင့်စေရန်

    ၁။အမှန်တရားကိုသိမြင်လာခြင်း - ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာများကို သစ္စာရှိရှိလိုက်နာသူများသည် အမှန်တရားကိုသိမြင်လာပြီး ခရစ္စမတ်၏မျှော်လင့်ချက်အပေါ် နူးညံ့သိမ်မွေ့လာစေရန် ဆုတောင်းပါ။

    ၂။နားလည်မှု - ဗုဒ္ဓဘာသာဝင်များ၏နှလုံးသားထဲတွင် ဘုရားသခင်အကြောင်း နက်နဲသောနားလည်မှုကို ပေးသနားရန် ဘုရားသခင်အား ဆုတောင်းပါ။

    ၃။ တုံ့ပြန်မှုရှိသောနှလုံးသားများ - လူများစွာသည် ခရစ္စမတ်ဇာတ်လမ်းကို အပြုသဘောဆောင်စွာ တုံ့ပြန်နိုင်ရန် ဆုတောင်းပါ။

    続きを読む 一部表示
    4 分
まだレビューはありません