『Around The World by Phokout』のカバーアート

Around The World by Phokout

Around The World by Phokout

著者: Aye Say Original
無料で聴く

"Join us as we journey 'Around the World' through the lives of fascinating individuals from all walks of life. From close friends to influencers, and everyone in between, our podcast explores the diverse experiences and stories that shape who we are. Each episode is a unique exploration of the human experience, offering insights, laughter, and inspiration."Aye Say Original
エピソード
  • Ep 011: Around The World with Bo Bo Kyaw & Htet Htet (Founders of Zuu & Hein)
    2024/10/29

    အခုတပတ် Around the World Podcast မှာ ပါ၀င်အားဖြည့်တဲ့သူကတော့ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း ဘိုဘိုကျော် နဲ့ သူ့ရဲ့ ဇနီး ညီမလေး ထက်ထက်ထူး ပဲဖြစ်ပါတယ်။

    သူတို့က Japan မှာ Language School တက် အလုပ်လုပ်ရင်း အခုဆို Japan မှာ ကိုယ်ပိုင် Z&H Trading Company Limited တည်ထောင်ပြီး Travels & Tours လုပ်ငန်း Restaurant လုပ်ငန်းများ အပြင် Japan ပြည်ရဲ့ လုပ်သားလိုအပ်ချက်များကိုပါ ဖြည့်တင်းပေးနိုင်ရန် မှန်မှန်ကန်ကန် တရား၀င် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

    ဘိုဘိုနဲ့ကျွန်တော်က လည်း မူလတန်းကနေ ၁၀ တန်းအောင်သည်အထိ ကျောင်းမှာ တူတူကြီးပြင်းခဲ့တော့ ပြောစရာတွေ များစွာရှိတဲ့ကြားကမှ သူတို့ မိသားစု အခု အခြေချနေထိုင်နေတဲ့ Japan နိုင်ငံက အကြောင်းလေးတွေ ပြောဖြစ်ပါတယ်။

    အားလုံးလည်း သိထားသလို ကျွန်တော်တို့ မြန်မာတွေအတွက် ဟိုးတုန်းက Japan ပြည်သွားခွင့်ရဖို့ဆိုတာ ထီပေါက်သလိုပဲ တော်တော် ဆုတောင်းအားထုတ်ရတဲ့ ကိစ္စပါ။

    အခုခေတ်မှ တဖန် ပြန်လည်လာတာကတော့ လူငယ်လူရွယ် သက်လတ်သက်ကြီးတွေပါမကျန် ပြည်ပနိုင်ငံတွေကို ပြန်လည် မျက်စပစ် ခြေလှမ်းလှမ်းနေကြတော့ ဘိုဘို + ထက်ထက်ဆီက ကျွန်တော်နဲ့အတူ နားဆင်သူတို့လည်း သိချင်လောက်မယ့် အရာလေးတွေ မေးမြန်း တင်ဆက်ဖြစ်ပါတယ်။

    အားပေးနားဆင်ကြည့်ပါဦးခင်ဗျာ။

    (Around The World Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)။

    #myanmar

    #podcast

    #japanlife

    #japan

    #travelling

    #restaurant

    #experience

    #phokout

    #ayesayoriginal

    #aroundtheworld

    #ဂျပန်

    #ပြည်ပလူနေမှုဘဝ

    #ပြည်ပထွက်ခွါ

    #ခရီးသွားလုပ်ငန်းများ

    #စားသောက်ဆိုင်လုပ်ငန်း

    #ပြည်ပရောက်မြန်မာများ

    #ဗဟုသုတ

    #အတွေ့အကြုံ

    続きを読む 一部表示
    1 時間 6 分
  • Ep 010: Around The World with Khin Nyein Chan Zaw
    2024/07/25

    ဒီတစ်ပတ် Around the World Podcast မှာ ကျွန်တော်ဖိတ်ခေါ်ထားတဲ့ ဧည့်သည်ကတော့ လက်ရှိ ထိုင်းနိုင်ငံရဲ့ Asian Institute of Technology (AIT) မှာ Food Innonation, Nutrition and Health (FINH) program မှာ Master တန်းတက်ရောက်နေတဲ့ ညီမ Khin Nyein Chan Zaw ပဲဖြစ်ပါတယ်။

    ကျွန်တော် ဖိုးကောက်၊ Co-host Mg Thar Nge ကညီမ Khin Nyein Chan Zaw နဲ့ အတူ ဒီနေ့ခေတ်မှာ လူတိုင်းအတွက်အရေးကြီးဆုံး ကျန်းမာရေးနဲ့ပတ်သတ်တဲ့ဗဟုသုတတွေ၊ အိမ်ရှင်မတွေအတွက် မသိမဖြစ်အကြောင်းအရာတွေနဲ့ လူတိုင်းလက်လှမ်းမီနိုင်တဲ့ အခြေခံကျန်းမာရေး အသိပညာတွေကို သင်ယူလေ့လာခဲ့ မှတ်သားခဲ့ရတဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကနေတဆင့် နားဆင်သူများအတွက် ဆွေးနွေးသွားမှာဖြစ်ပါတယ်။


    ဒီနေ့မှာတော့ ကျန်းမာရေးအတွက် ပြောင်းလဲရမယ့် ခေါက်ရိုးကျိုးနေတဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ပတ်သတ်ပြီး ပြောပြပေးထားတဲ့ Highlight လေးကို အရင်ဆုံး တင်ဆက်ပေးလိုက်ပါတယ်။


    ကြည့်ရှုနားဆင် အားပေးကြပါဦးခင်ဗျာ။


    (Around The World Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)။


    #myanmar

    #podcast

    #healthylifestyle

    #healthyfood

    #thailand

    #foodinnovation

    #nutrition

    #program

    #phokout

    #ayesayoriginal

    #aroundtheworld

    #မိသားစု

    #ကျန်းမာရေး

    #ပညာပေး

    #နေထိုင်စားသောက်မှုပုံစံ

    #ကိုယ်လက်လှုပ်ရှားမှု

    #ထိုင်းနိုင်ငံ

    #ဗဟုသုတ

    #အစားအသောက်

    続きを読む 一部表示
    1 時間 26 分
  • Ep 009: Around The World with Ko Wunna Kyaw
    2024/07/18
    ဒီနေ့မှာ Aye Say Studio ကနေ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ဦးကတော့ ကျွန်တော်နဲ့ စင်္ကာပူမှာကတည်းက ရင်းနှီးခဲ့ပြီး သီချင်းဆိုဝါသနာလည်းတူသလို Media လုပ်ငန်းလုပ်တာခြင်းလဲတူတဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ Ko Wunna Kyaw ကို ဘန်ကောက်မှ ခေတ္တပြန်လာတဲ့အချိန်လေးမှာ တွေ့ဆုံစကားပြောဖြစ်ခဲ့ကြပါတယ်။Ko Wunna Kyaw ဟာ လက်ရှိမှာ သူ့ရဲ့ Passionate ဖြစ်တဲ့ Digital Media ပေါ်မှာ ရပ်တည်ပြီး Creative Commercial အလုပ်များကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ဒီအလုပ်ကို မရွေးချယ်ခင်က ရေကြောင်းသိပ္ပံမှာတက်ခဲ့ပြီး ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှာ ၄နှစ်ခွဲခန့် ကြာအောင် လုပ်ခဲ့ပါတယ်။ အလုပ်သင်အရာရှိအနေနဲ့ သင်္ဘော (၆၀) ကျော်မှာတာဝန်ထမ်းဆောင်ခဲ့ပြီး ဌာနဆိုင်ရာ ရာထူးအနေနဲ့ တတိယတန်းရေယာဉ်အုပ် အထိဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် သူ့ရဲ့ Passion ဖြစ်တဲ့ အနုပညာနဲ့ဆက်စပ်တဲ့အလုပ်တွေကို လုပ်ကိုင်နိုင်ဖို့ ဆုံးဖြတ်ချက်ခိုင်မာစွာချပြီး အလုပ်ထွက်ခဲ့ပါတယ်။Passion က ဘယ်လိုစတင်ဖြစ်ပေါ်လာခဲ့တာလဲ?Passion နဲ့ထပ်တူကျတဲ့အလုပ်ကို ဘယ်လိုရွေးချယ်ခဲ့လဲ?စသဖြင့် အကြောင်းအရာတွေကို ဒီ Podcast လေးထဲမှာ ပြောပြခဲ့ပါတယ်။နားဆင်ခံစားပေးကြပါဦးခင်ဗျာ။(Around The World Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)#myanmar #podcast #parenting #children #thailand #passion #tourism #abroad #phokout#ayesayoriginal #aroundtheworld#မိသားစု #ကလေး #ပညာရေး #ဘန်ကောက် #ပြည်ပ #thailand #ခရီးသွား #ဗဟုသုတ#အလုပ်အကိုင်#ရည်မှန်းချက်#အောင်မြင်မှု
    続きを読む 一部表示
    1 時間 8 分
adbl_web_anon_alc_button_suppression_t1
まだレビューはありません